Posts

အားရပါးရ ရှိလှပါတယ်ရှင်   ငထွေးတို့ အိမ်ကို ငထွေး မိန်းမ ရဲ့ ရပ်ဝေးက သူငယ်ချင်းတယောက် လာလည်တယ်။ အဲဒီ အချိန် ငထွေးက အလုပ်ပြုတ်နေပြီး စိတ်ဓါတ်ကျနေတဲ့ အချိန်ပေါ့။ ငထွေးမိန်းမ က အလုပ်ရှိတယ်။ အဲတော့ ငထွေးက နေ့တိုင်းလိုလို သောက်ဖြစ်နေတယ်။ အရမ်းအမူး မဟုတ်ပါဘူး စိတ်ပြေလက်ပျောက်ပေါ့။ ငထွေး မိန်းမ သူငယ်ချင်း ရှာနာ တဲ့။ဘာသာခြား အိန္ဒိယ အနွယ်ဝင်မြန်မာမလေးပါ။ သူတို့ လူမျိုးထုံးစံအတိုင်း မျက်နှာဝိုင်းဝိုင်း မျက်လုံးရွဲကြီးတွေနဲ့ နာခေါင်းလုံးလုံး ချစ်စရာလေးပါ။ အသားကတော့ အရမ်းမဲတဲ့အဆင့်မဟုတ်ဘူးညိုညိုလေးပါ။ မိန်းမ ကလည်း အလုပ်ကခွင့်ယူလို့မရ၊ ငထွေးကလည်း အလုပ်က ပြုတ်နေတဲ့အချိန်ဆိုတော့ ရှာနာကို ငထွေးပဲ ဟိုဟိုဒီဒီ လိုက်ပို့ရတာပေါ့။ အဲဒီမှာ ရှာနာ နဲ့ ရင်းနှီးသွားတယ်။ နောက်တော့ သူ့မြို့ မပြန်ခင် ငထွေးကို ဖေ့ဘွတ် အကောင့်တခု ပေးသွားတယ်။ အဲဒါ သူ့ပါစင်နယ် ဖေ့ဘွတ် တဲ့ ဘယ်သူမှ မသိဘူးတဲ့။ နာမည်က လည်း သူ့နာမည်မဟုတ်ဘူး၊ အင်္ဂလိပ်လို လတခုရဲ့ အမည်ပေါ့ဗျာ။ ငထွေးလည်းအမှုမဲ့ အမှတ်မဲ့ ပဲ ကိုယ့်ကွန်တက်ထဲ ထည့်ထားလိုက်တယ်။ ငထွေးက ကိုယ့်ဖေ့ဘွတ် အမှန်အကန်ပေးလိုက်တယ်။ နောက်ပိုင်း မိန်းမ နဲ့ ရှာနာ နဲ့ ဟန်းအောက် ပြောနေကြရင်း ငထ...